Pages

Pages

၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ



MNP  -   ဇန်နဝါရီ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျောင်းသားကျောင်းသူများမှ "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့်အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးက ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ သည်။


ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အနုပညာဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာရေးနှစ်အတွင်း တိုင်းဒေသကြီးအဆင့် ထူးချွန်ဆုရရှိသူ (၃၃)ဦး၊ ခရိုင်အဆင့်ထူးချွန်ဆုရရှိသူ (၁၂)ဦး၊ မြို့နယ်အဆင့် ဘက်စုံထူးချွန်ဆုရရှိသူ (၆)ဦးနှင့် မြိုနယ်အဆင့် ဆုရရှိသူ (၁၈၂)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၃၃)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်မျာ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများအသီးသီး ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


ထက်ဝေဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment