Pages

Pages

သီပေါမြို့နယ်၌ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်း စနစ်တကျအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး မြို့နယ်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


MNP  -  ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း လူဦးရေစာရင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြေပြင်ရှိနှင့်အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကိုစနစ်တကျ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ကြီးကြပ်မှုကော်မတီ  အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးတင်ကိုကိုဝင်း အပါအဝင် သင်တန်းနည်းပြ(၆)ဦးတို့မှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယားများ တိကျမှန်ကန်စေရေးတို့အတွက် စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချခဲ့ပြီးဖြစ်ပါကြောင်းနှင့်   ယခုအခါ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီလ (၉)ရက်နေ့မှစတင်၍ ရက်ပေါင်း (၂၀)အကြာ စာရင်းကောက်အဖွဲ့များမှ ပုံစံ(၆၆)နှင့် မြေပြင်ရှိလူဦးရေစာရင်းများကို ရပ်ကွက်၊ ကျေးရွာများ အလိုက်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူကြမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။


ဆက်လက်၍ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ၊ မြို့နယ်ကြီးကြပ်မှုကော်မတီဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စာရင်းကောက်ကွက်အလိုက်ဖွဲ့စည်းထားမှု အခြေအနေများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တက်ရောက်လာသည့်ကော်မတီဝင်များက အချင်းချင်း အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ခင်လေး

https://t.me/MyanmarNationalPost

No comments:

Post a Comment