၂၀၂၃ ခုနှစ်၊ နှစ်သစ်မင်္ဂလာကို ကြိုဆိုသောအားဖြင့် ဗုဒ္ဓဃောသ(မွန်) စာသင်တိုက်၏ ကျောင်းအဝင်မုခ်ဦးဖွင့်ပွဲနှင့် လမ်းရေစက်ချပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၃ ခုနှစ်၊ နှစ်သစ်မင်္ဂလာကို ကြိုဆိုသောအားဖြင့် ဗုဒ္ဓဃောသ(မွန်) စာသင်တိုက်၏ ကျောင်းအဝင်မုခ်ဦးဖွင့်ပွဲနှင့် လမ်းရေစက်ချပွဲအခမ်းအနား ကျင်းပ



MNP  -   ဇန်နဝါရီ ၁

၂၀၂၃ ခုနှစ်၊ နှစ်သစ်မင်္ဂလာကို ကြိုဆိုသောအားဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဘုရားကြီးကျောင်းတိုက် ဗဟိုသံဃာ့ဝန်ဆောင် သဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝါရီန္ဒ၏ သြဝါဒကို ခံယူ၍ ကျိုက်မရောမြို့၊ ရန်မျိုးအောင် ရပ်ကွက် ၄ ရှိ ဗုဒ္ဓ ဃောသ(မွန်)စာသင်တိုက်၏ ကျောင်းအဝင်လမ်းနှင့် မုခ်ဦးကြီး ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉နာရီက အဆိုပါ မုခ်ဦး၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာဗုဒ္ဓဃောသ(မွန်)စာသင်တိုက်မုခ်ဦးဖွင့်ပွဲနှင့် ကျောင်းအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကို   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်နိုင်ထွန်းနှင့် စေတနာရှင် အလှူရှင်များဖြစ်သော ဦးစိုးသီ၊ ဒေါ်အေးသန်း မိသားစုတို့က မုခ်ဦး အဝင်လမ်းသစ်အား ဖဲ့ကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး၊ ဗုဒ္ဓဃောသ (မွန်) စာသင်တိုက် ကျောင်းဆရာတော်နှင့် သံဃာတော်များက မုခ်ဦးအဝင် ကဗ္ဗည်းကျောက်တိုင်အား အမွှေးနံသာရေများဖြင့် ဖျန်းပက်ကာ မုခ်ဦးအဝင်လမ်းအား ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက် မွန်စာသင်တိုက်ခန်းမတွင်  ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ အနုမ္မောဓနာ တရားနားကြားခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အား ရေစက် သွန်းချ  အမျှပေးဝေကာ ကြွရောက်လာသော ဧည့်သည်များအား  စတုဒီသာ ဒံပေါက်ထမင်းများ၊ ရေခဲမုန့်များ မွန်တိုင်းရင်းသားရိုးရာ မုန့်များဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)