Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့ဦးရွာတွင် နေထိုင်သူ အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



MNP  -   ဇန်နဝါရီ  ၆

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် မြို့မမြောက်ရပ်ကွက် ၊ မြို့ဦးရွာတွင် နေထိုင်သူ အမျိုးသားတစ်ဦးထံမှ ဇန်န ဝါရီ  ၆ နံနက် (၁၁:၃၀) မိနစ် အချိန် ခန့်က စိတ်ကြွရူးသွပ်ဆေးပြားများ  ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 


ဖြစ်စဉ်မှာ မူးယစ်ရဲတပ်ဖွဲ့စု(၄၆)မောင်တော နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ မြို့မ မြောက် ရပ်ကွက် မြို့ဦး(ဘင်္ဂါလီ)ရွာတွင် နေထိုင်သူ  အစ္စလာမ်(ခ)ထိပ်ပေါက် (ကျား) အား တွေ့ရှိပြီး အိပ်ခန်းအား ရှာဖွေရာ အိပ်ခန်း နံရံတွင် ချိတ်ဆွဲထားသည့် ဖြူနီကြားလွယ်အိတ်ငယ်အတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ်အပိုင်းဖြင့် ထုပ်ထားသော အပြာရောင် ကပ်ခွာအိတ်(၁)အိတ်အတွင်းမှ WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား လိမ္မော် ရောင် ဆေးပြား(၅၁)ပြား ၊ အလေးချိန် ၄၅.၉ ဂရမ်ခန့် နှင့် ၎င်းအိပ်သည့်နေရာအနီး မြေပြင်ပေါ်မှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အဖြူရောင် ပိုက်တပ်ထားသည့် အဖြူရောင်ကော်ဗူး (၁)ဗူး ရွှေဝါရောင် ပိုက်ဆင်ထားသည့် အညိုရောင် ပလက်စတစ်ဗူး(၁)ဗူး ၊ မူးယစ်ဆေးဝါးသုံးစွဲရန် ပြုပြင်ထားသည့် အဖြူရောင် ဂတ်မီးခြစ်(၁)လုံး ၊မူးယစ်ဆေးဝါးရှုရာတွင် အသုံးပြုသည့် မီးကျွမ်းလျက်ရွှေရောင်ခဲပြား(၁)ပြားတို့အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါးများ နှင့်အတူ တွေ့ရှိသူ အစ္စလာမ်(ခ)ထိပ်ပေါက် (ကျား)  အသက်(၃၂)နှစ် (ဘ)ကော်ရီမူလ္လာ မြို့မမြောက်ရပ်ကွက် မြို့ဦး(ဘင်္ဂါလီ)ရွာတွင် နေထိုင် သူ  နှင့် ဆက်စပ်တရားခံ(၁)ဦးတို့အား မောင်တောမြို့မရဲစခန်းတွင်  မယ(ပ) ၁/ ၂၀၂၃ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ အမှု ဖွင့် လှစ်ကာ အရေး ယူနိုင်ရေး  စီစဉ် ဆောင်ရွက် လျှက်ကြောင်း သိရသည်။


ဝေလ

https://t.me/MyanmarNationalPost

No comments:

Post a Comment