Pages

Pages

ရွှေကျင်မြို့တွင် စာရေးဆရာ‌အောင်သင်းရေးသားသည့် "ပညာနှင့်ကန်တော့ခြင်းနှင့်အခြားဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ




MNP  -    ဇန်နဝါရီ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁နာရီအချိန်၌ စာရေးဆရာ အောင်သင်းရေးသားသည့် "ပညာနှင့်ကန်တော့ခြင်းနှင့်အခြားဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူး၊ ရည်ရွယ်ချက်များကိုပြောကြားပြီး စာအုပ်တွင်ပါရှိသော "သုတနှင့်ပညာ" အခန်းကိုလည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးရဲမင်းက  "ပညာနှင့်ကန်‌တော့ခြင်း" အခန်းကိုလည်းကောင်း၊  (Women Club)အဖွဲ့ဝင် ဒေါ်‌မို့မို့သွင်က "လမ်းဘေးမှာတွေ့ခဲ့ရတဲ့မိန်းကလေး "အခန်းကိုလည်း‌‌ကောင်း၊ Youth Club အဖွဲ့ဝင် မရှင်းသန့်မေက " လမ်းဘေးမှာတွေ့ခဲ့ရသည့်မိန်းကလေး-၂" အခန်းကိုလည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများဖြစ်သည့် လူ‌နေမှုဘဝအတွေ့အကြုံများ၊ လူမှုဆက်ဆံရေးအပြောအဆို အနေအထိုင်များနှင့်အသိပညာသုတရသ ခံစားရရှိပုံများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကိုရရှိ‌ စေသည့်အပြင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment