MNP - ဇန်နဝါရီ ၃၀
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့နှင့်ပညာရေးဌာန၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူး ပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အတွက် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက်နံနက် ၉နာရီတွင် ကျိုက်ထိုမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားတွင် ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုး က မြို့နယ်အတွင်းရှိတက္ကသိုလ်ဝင်စာမေးပွဲအားဝင်ရောက်ဖြေဆိုကြမည့်ကျောင်းသား
ကျောင်းသူများသည် မိမိဖြေဆိုခဲ့သည့် ဘာသာရပ်များအပေါ် အမှတ်ပေးစည်း မျဉ်း၊စည်းကမ်းများအားသိရှိဖို့လိုကြောင်း ၊ပညာရေးကဏ္ဍသည် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အပံ့ပေးလျှက်ရှိသည့်အတွက် ကျောင်းသား၊ကျောင်းသူများအားအလုပ်ရုံဆွေးနွေးပွဲပြုလုပ်၍ ဘာသာရပ် ဆိုင်ရာ ဆရာ၊ဆရာမများပို့ချပေးသည့် ဘာသာရပ်များကိုစနစ်တကျ လေ့လာမှတ်သားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်သန်းသန်းစိုး က ယခုလိုသင်ကြားပြသပေးခြင်းသည် ကျိုက်ထိုမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအားဝင်ရောက်ဖြေဆိုသူများအားလုံးအောင် ချက်မြင့်မားစေရန် ရည်ရွယ်၍ မြို့နယ်အဆင့်သင်ကြားပြသပေးခြင်းဖြစ်ကြောင်း ကျောင်းသား၊ကျောင်းသူများ၏ ကျန်းမာရေးအတွက်ဖြည့်စွက်အဟာရအစားအစာများကိုလည်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးမောင်ညို က ယခင်နှစ်များက အောင်မြင်မှုထက် ယခုနှစ်တွင် အောင်မြင်မှုပိုမိုရရှိစေရန်နည်းပြဆရာ ၊ဆရာမများကဘာသာရပ်အလိုက်သင်ကြားပို့ချသည့်သင်ခန်းစာများကိုလိုက်နာသင်ယူနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက်တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရန်သင်ကြားပြသမည့် ဆရာ၊ဆရာမများက မိတ်ဆက်စကားပြောကြားပြီး ဘာသာရပ်အလိုက် သင်ကြားပြသပေးရာ ကျောင်းသား၊ကျောင်းသူများက စိတ် ပါဝင်စားစွာဖြင့်သင်ယူခဲ့ကြသည်။
ယင်းသို့သင်ကြားရာတွင်မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်သန်းသန်းစိုး နှင့်အဖွဲ့ဝင်များက ဖြည့်စွက်အဟာရ အစားအစာများအားပေးအပ်လှူဒါန်းပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များကသင်ကြားပြသပေးမှုများအား အားပေးကူညီကြည့်ရှုခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment