Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲကျင်းပ






MNP -     ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ကုသရေး နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၂၀၂၂ ခုနှစ် ပြည်သူ့ ကျန်း မာ ရေးစောင့်ရှောက်မှု စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲကို  ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန် မြို့နယ် ပြည်သူ့ ဆေးရုံ ဝင်းအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ 


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး က အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးဌာန ဝန်ထမ်း များက ဗုဒ္ဓပူဇနိယ ယိမ်းအကဖြင့် ကပြ ဖျော်ဖြေကြသည်။ 


ဆက်လက်၍ မြို့နယ်ကုသရေး နှင့် ပြည်သူ့ကျန်းမာရေး ဝန် ထမ်း များ ၊ ၂၀၂၂ ခုနှစ် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ခဲ့သည့် အရန် သားဖွားများ နှင့် စေတနာဝန်ထမ်းကျန်းမာရေးလုပ်သားများ နှင့် ကျေးရွာတာဝန်ခံများ ၊ရပ်/ကျေးစာရေးများ နှင့် အုပ်ချုပ်ရေးမှူးများ ၊ ၂၀၂၂ ခုနှစ် မောင်တောခရိုင်ပြည်သူ့ဆေးရုံ၏ ပြည်သူ့ဝန်ထမ်းကောင်းဆုများ  ၊ ပြည်သူကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာန၏ လုပ်ငန်းစွမ်းဆောင်ရည် အထူးဆုနှင့် ပြည်သူကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း စွမ်း ဆောင်ရည်ဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း နှင့် တာဝန်ရှိသူများက  ဂုဏ်ပြုလွှာ နှင့် ဆုများ အသီးသီး ချီးမြှင့် ပေး ခဲ့ကြရာ တာဝန် ရှိ ဆုရရှိသူများက လက်ခံ ရယူကြသည်။ 


ထို့နောက်  ကျန်းမာရေးဝန်ထမ်းများက ဗျာလသီချင်းဖြင့် ကပြဖျေိာ်ဖြေခဲ့ကြပြီး မြိုလူမျိုး၊ သက် လူမျိုး များက တိုင်းရင်းသားရိုးရာ အက အလှ များဖြင့် ဖျော် ဖြေခြင်း  နှင့်   ကျန်းမာရေးဝန်ထမ်းများအား ကံစမ်းမဲဖောက် အစီအစဉ် များကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment