Pages

Pages

တနိုင်းမြို့ အခြေခံပညာမူလတန်းလွန်-တပ်နယ်‌ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ



MNP  -   ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် တနိုင်းမြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက ကင်ဆားရာရပ်ကွက်ရှိ မူလတန်းလွန် -တပ်နယ်ကျောင်း၌ ကျင်းပခဲ့သည်။


ဟောပြောပွဲတွင် တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးမြသောင်းက မူးယစ်ဆေးဝါးအသိပညာပေးဟောပြောရာတွင် မူးယစ်ဆေးဝါးဆိုတာဘာလဲ၊ ဦးနှောက်နဲ့ အာရုံကြောကိုထိခိုက်စေတတ်တာ၊ စိတ်ခံစားမှုလွဲမှားခြင်း၊ ခန္ဓာကိုယ်ကိုတစ်နည်းနည်းဖြင့် အန္တရာယ်ဖြစ်‌စေတတ်တာ၊ ကျောင်းသား၊ ကျောင်းသူများလည်း စမ်းသပ်သုံးစွဲခြင်းရှောင်ကျဉ်ဖို့၊ မိမိပတ်ဝန်းကျင် မူးယစ်ဆေးဝါးသုံးစွဲသူရှိရင် မြို့နယ်ရဲတပ်ဖွဲမှူးရုံးနှင့် သက်ဆိုင်ရာသို့ သတင်းပေးပို့ရန်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဥပဒေပုဒ်မများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက  အသိပညာပေးဟောပြောရာတွင် “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် လူတစ်ယောက်မှာ အကျင့်စာရိတ္တကောင်းမွန်မှန်ကန်ဖို့က နံပါတ်တစ်အရေးကြီးကြောင်း၊ စာရိတ္တကောင်းသူတစ်ယောက်ဟာ စိတ်ဓါတ်ကောင်းသူ တစ်ယောက်ဖြစ်ကြောင်း၊ စာရိတ္တနဲ့စိတ်ဓါတ်ဟာ တိုက်ရိုက်အချိုးကျကြောင်း၊ ဒါကြောင့် စိတ်ကောင်းရှိဖို့ ပထမလို့ မဟာဂန္ဓာရုံဆရာတော်ဘုရား အရှင်ဇနကာဘိဝံသက မိန့်ကြားခဲ့တာ ဖြစ်ကြောင်း၊ စာရိတ္တကောင်းရုံတင်မကဘူး၊ စာရိတ္တလိပ်ပြာလုံဖို့၊ စာရိတ္တမာနရှိဖို့လည်း လိုကြောင်း ဟောပြောသည်။


တနိုင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးယာယီမြသောင်းနှင့်အဖွဲ့မှ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးအား မူးယစ်ဆေးဝါး အန္ဓရာယ်အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment