Pages

Pages

ကျိန္တလီမြို့အမှတ်(၂)ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား


MNP  -  ဇန်နဝါရီ ၁၅

    ကျိန္တလီမြို့၊ အမှတ်(၂)ရပကွက်၊ ကိန္နရီလမ်းတွင်နေထိုင်သူ ဒေါ်သိန်းညွန့် (ဘ) ဦးအောင်စိန် (မှီခို)၏ နေအိမ်သည် ယနေ့  ၀၀၀၅   နာရီအချိန်က မီးလောင်မှုဖြစ်ပွဦးခဲ့ကြောင်းသိရသည်။


    ဖြစ်စဉ်မှာ ဒေါ်သိန်းညွန့်၏နေအိမ်နောက်ဘက် မီးဖိုချောင်မှ မီးကြွင်းမီးကျန်များမှ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းနေသော နေအိမ်အား မီးသတ်ကား (၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများ မီးငြိမ်းသတ်ခဲ့ရာ ၀၀၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။


    အဆိုပါ ဒေါ်သိန်းညွန့်၏နေအိမ်သည် အလျား(၃၀)ပေ၊ အနံ (၁၈)ပေ၊ အမြင့် (၃၀)ပေရှိ ပျဉ်းကတိုးခင်း (၁)ထပ် ဝါးထရံကာ၊ ဓနိမိုးနေအိမ်ဟောင်းဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၆၇၅၀ဝိ/-)ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး နေအိမ် မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးဘေးဒုက္ခသည် ဒေါသိန်းညွန့်အား ကျိန္တလီနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ (၂၈၅) အမှုအမှတ်-ပ(၄/၂၀၂၃)ဖြင့် အမှုဖွင့်ထားရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment