Pages

Pages

ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက(၂၂၆၈၅)ဧက စိုက်ပျိုးပြီးဖြစ်



MNP  -   ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကုလားပဲ စိုက်တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသော ကုလားပဲများကို သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့်‌ ပြောင်းလဲစိုက်ပျိုးလာကြပြီး ဆောင်းကုလားပဲစိုက်ဧက (၂၂၆၈၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင စာရင်းအင်းဦးစီးဌာနမှ သိရသည်။


ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ဆောင်းကုလားပဲများကို တိုက်နယ်(၁)တွင် (၁၈၉၅)ဧက၊ တိုက်နယ်(၂)တွင် (၂၀၀၃)ဧက၊ တိုက်နယ် (၃)တွင် (၁၂၀၁)ဧက၊ တိုက်နယ်(၄)တွင် (၁၅၂၅)ဧက၊ တိုက်နယ်(၅)တွင် (၆၀၅)ဧက၊ တိုက်နယ်(၆)တွင် (၂၃၄၅)ဧက၊ တိုက်နယ်(၇)တွင် (၁၄၅)ဧက၊ တိုက်နယ်(၈)တွင် (၄၃၀၇)ဧက၊ တိုက်နယ်(၉)တွင် (၁၀၇၇)ဧက၊ တိုက်နယ်(၁၀)တွင် (၁၈၄၁) ဧက၊ တိုက်နယ်(၁၁)တွင် (၁၉၂၁)ဧက၊ တိုက်နယ်(၁၂)တွင် (၃၈၁၉)ဧက စုစုပေါင်း (၂၂၆၈၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။


ကုလားပဲစိုက်ခင်းများ သိပ္ပံနည်းကျစိုက်ပျိုးခြင်းများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း တိုးလျက်ရှိကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကုလားပဲစိုက် တောင်သူများအတွက် အထွက်နှုန်းကောင်းသည့် ရေဆင်း(၆)၊ ရေဆင်း(၁၂)၊ ကုလားပဲ အနီမျိုးများနှင့် ရေဆင်း(၃)၊ ရေဆင်း(၈)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲအဖြူမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်ခင်းများ အောင်မြင်စေရေး စိုက်နည်းစနစ်များ အနီးကပ် ကူညီပေးလျက်ရှိကြောင်း သိရသည်။


သက်မောက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment