Pages

Pages

ကျောက်ဆည်မြို့နယ်တွင် ခရမ်းသီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိ


MNP  -  ဇန်နဝါရီ  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ခရမ်း၊ ရုံပတီ၊ ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း စသည့် ဟင်းသီး၊ ဟင်းရွက်များ တစ်နိုင်တစ်ပိုင် ပိုမို စိုက်ပျိုးကြရာ ခရမ်းသီးနှံစိုက်ပျိုး‌ရောင်းချသူများ နေ့စဉ်ဝင်ငွေရသဖြင့် မိသားစုအဆင်ပြေလျက် ရှိကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် ကာလရှည်သီးနှံများဖြစ်သည့် စပါး၊ ကြက်သွန်၊ ငပျော၊ ငရုပ်စသည့် သီးနှံများ စိုက်ပျိုးရာတွင် လုပ်သားရှားပါးမှု၊ အခက်အခဲနှင့် သွင်းအားစုများပိုမိုသုံးစွဲရသဖြင့် နေ့စဉ်ပုံမှန် ဝင်ငွေရသည့် ကာလတိုသီးနှံများ ပိုမိုစိုက်ပျိုး လာကြောင်းနှင့် ခရမ်းသီးနှံစိုက်ပျိုး မည်ဆိုပါက အပင်သေပျောက်မှု မရှိစေရန်အတွက်ပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များကို ရွေးချယ်စိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်းရာတွင် လွယ်ကူစေရန်အတွက် မြေဘောင်များ ပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင်(၄)ပေခန့်အကွာ စိုက်ပျိုးမှသာ အပင်ပြန့်ပွားမှုနှင့်အသီးများ ပို၍သီးကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းနှုတ်ခြင်းနှင့် လိုအပ်သည့်အခါ ပိုးမွှားကာကွယ်ဆေးများ အသုံးပြုရကြောင်းနှင့် အစိုဓာတ်မပြတ်စေရေးရေသွင်းပေးရကြောင်း ခရမ်းစိုက် တောင်သူ ဦးတင်မောင်ထွန်းက ပြောပြသည်။


ခရမ်းသီးနှံသည် အပင်အပြုအစုကောင်းပါက တစ်နှစ်ပတ်လုံးနီးပါး ခူးဆွတ်ရောင်းချရကြောင်း စိုက်ပျိုးပြီး(၄၅)ရက်တွင် စတင်ခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် တစ်ရက်ခြား ခူးဆွတ်ရကြောင်း၊ ရောင်းဈေး အနေဖြင့် တစ်ပိသာငွေကျပ်(၈၀၀)မှ(၁၂၀၀)ကျပ်အထိ ခူးဆွတ်ရောင်းချရပြီး ခရမ်းစိုက် တောင်သူများအနေဖြင့် နေ့စဉ်ဝင်ငွေရရှိကြောင်း ခရမ်း(၀.၅၀)ဧက စိုက်ပျိုးထားသည့် တောင်သူဦးမြင့်မောင် က ပြောပြ၍ သိရသည်။


တင်တင်ထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment