Pages

Pages

ကျောက်မဲမြို့တွင် ရေမြောင်း၊ ပလက်ဖောင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး



MNP  -   ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီက ရေမြောင်း၊ ပလက်ဖောင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက် စဝ်စံထွန်းလမ်း(ရန်ကင်းလမ်း)တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စည်ပင်သာယာရေးဌာန ရန်ပုံငွေကျပ် ၄၄၅ ဒသမ ၉ သိန်းဖြင့် ရေမြောင်းနှင့် ပလက်ဖောင်း ပြုလုပ်ခြင်းလုပ်ငန်း၊ စည်ပင်သာယာရေးဌာန ရန်ပုံငွေကျပ် ၂၇၉ သိန်းဖြင့် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။


ကျောက်မဲမြို့ တွင် အမှတ်(၂)ရပ်ကွက် စဝ်စံထွန်းလမ်း(ရန်ကင်းလမ်း)တွင် အရှည်ပေ ၃ဝဝ၊ အကျယ် နှစ်ပေ ခြောက်လက်မ၊ အနက် သုံးပေ ခြောက်လက်မရှိ ရေမြောင်းနှင့် ပလက်ဖောင်း ပြုလုပ်ခြင်းလုပ်ငန်းများ၊ အရှည် ပေ ၄၀၀၊ အကျယ် ၂၂ ပေ၊ အမြင့်သုံးလက်မရှိ ကတ္တရာထပ် ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနက ဇန်နဝါရီလ ပထမ ပတ်က စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၃၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


မိုင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment