Pages

Pages

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ


MNP  -   ဇန်နဝါရီလ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်  ယမန်နေ့ မွန်းလွဲပိုင်းက လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပသည်။


ရှေးဦးစွာ ဟောပြောပွဲတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ တင်ဝင်းမွန်က အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်း‌ရေး ရဲတပ်ဖွဲ့စု(နေပြည်တော်)မှ တပ်ဖွဲ့စုမှူး  ရဲမှူးမြင့်အောင်က လူကုန်ကူးမှု တားဆီးနှိမ်နှင်ရေး ဥပဒေများ၊ ခေါင်းပုံဖြတ်မှုများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။


အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၅၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများက ဟောပြောပွဲသို့ တက်ရောက်လာသူများအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment