Pages

Pages

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့၌ မွေးဖွားခဲ့သည့် ကလေးငယ်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တစ်ဦးလျှင် ငွေကျပ် (၁)သိန်း ဂုဏ်ပြုချီးမြှင့်

 









MNP ၊ ဇန်နဝါရီ ၇

ဇန်နဝါရီ ၄ ရက် နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေး နေ့တွင် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၌ မီးဖွားလူနာ ပြည်သူ ၂၆ ဦး နှင့် တပ်မတော်သားမိသားစုဝင် ၁၄ ဦး၊ စုစုပေါင်း ၄၀ ဦးတို့၏ ကလေးငယ်များကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်ဆေးရုံများ၌ မွေးဖွားခဲ့သည့် ကလေးငယ်များနှင့် မိခင်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြလှ တို့က ကလေးငယ်တစ်ဦးလျှင် ငွေကျပ် ၁ သိန်း နှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment