Pages

Pages

တောင်ဥက္ကလာပမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာကပ်ခြင်း ကမ်ပိန်းဆောင်ရွက်




MNP  -   ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာ (အရွယ်အစား (၄)လက်မပတ်လည်၊ ၇လက်မပတ်လည်)အား မော်တော်ယာဉ်များတွင် ကျယ်ကျယ်ပြန်ပြန့်ကပ်ပေးခြင်း စတေကာကမ်ပိန်းကို ယနေ့နံနက် ၈နာရီကစ၍ တောင်ဥက္ကလာပမြို့နယ် အမှတ်(၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ ရွှေမန်းသူကားဝန်းနှင့် YBS ၃၈ ယာဉ်လိုင်းကားဝန်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ ဦးဆောင်ကာ ဌာနဆိုင်ရာ (၅၅)ဦးပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနေ့ကို အမှတ်တရရှိစေရေး၊ အလေးထားတန်ဖိုးထားတတ်စေရေး ရည်ရွယ်ကာ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာများကို တောင်ဥက္ကလာပမြို့နယ်၊အမှတ်(၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းတွင် ဖြတ်သန်း သွားလာ‌‌နေသော မော်တော်ယာဉ်များနှင့် ရွှေမန်းသူကားဝန်းနှင့် YBS ၃၈ ယာဉ်လိုင်းကာဝန်းတို့တွင် သွားလာနေသော မော်တော်ယာဉ်ရှေ့ မြင်သာသည့်နေရာများ၌ စတေကာ (၇၀၀) စောင်ခန့် ကပ်ပေးခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။


ခင်ဆွေနှင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment