Pages

Pages

ပေါက်တောမြို့၌ တင်ဝါး(ခေါ်) ကောက်ညှင်းကျည်တောက်ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ




MNP  -  ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ တင်ဝါး(ခေါ်)ကောက်ညှင်းကျည်တောက်ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။


ကောက်ညှင်းကျည်တောက်ပြုလုပ်ရန် ကောက်ညှင်းဆန်အားအနည်းငယ်ပွလာအောင် ရေစိမ်ထားပြီး အနည်းငယ်ပွလာသည့်ကောက်ညှင်းဆန်အား  အုန်းသီး၊ဆားစသည်တို့နှင့်သမအောင်မွေပြီး ကောက်ညှင်းကျည်တောက်ပြုလုပ်သည့် ဝါးအတွင်းသို့ထည့်သွင်း၍ နာရီဝက်ခန့်မီးဖုတ်၍လည်းကောင်း ကောက်ညှင်းကျည်တောက်ပြုလုပ်ကြပြီး မီးဖုတ်ထားသည့် ကောက်ညှင်းကျည်တောက်အား ရောင်းချရာတွင် မီးလောင်ကျွမ်းထားသည့် ဝါးကျည်တောက်အပေါ်ခွံအား ဖြူဖွေးလှပစေရန် ဓါးဖြင့်အနည်းငယ်ခွာ၍ ရောင်းချကြသည်။


အရသာမျိုးစုံထည့်သွင်း၍ ပြုလုပ်ထားသည့် ကောက်ညှင်းကျည်တောက်သည် ဒေသအစားအစာတစ်မျိုးဖြစ်ကာ အရသာထူးကဲကောင်းမွန်ခြင်းကြောင့် လူမျိုးဘာသာမရွေးကြိုက်နှစ်သက်ကြပြီး ကောက်ညှင်းကျည်တောက်အရွယ်အစားအလိုက်(၄)ချောင်းလျှင်ငွေကျပ်(၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချရပြီး မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကောက်ညှင်းကျည်တောက်ပြုလုပ် ရောင်းချသူများထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment