Pages

Pages

ရမ်းဗြဲမြို့၌ အသက်(၅)နှစ််မှ အသက်(၁၂)နှစ်အတွင်းရှိ ကျောင်းသာကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Does) ထိုးနှံပေးခြင်းအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်း အားပေးကြည့်ရှု




MNP   -   ဇန်နဝါရီ      ၁၂

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌  အသက်(၅)နှစ််မှ  အသက်(၁၂) နှစ်အတွင်းရှိ  ကျောင်းသားကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Does) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပုလုပ်တောင် ဆေးထိုး  စုရပ်နှစ်ခုတွင် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြသည်။


    အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Does ) ထိုးနှံပေးရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဆေးထိုးစုရပ်တွင် အသက်(၅)နှစ်မှ အသက်(၁၂) နှစ်အတွင်း  ကျောင်းသားကျောင်းသူ (၁၂၃) ဦးနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပုလုပ်တောင်ဆေးထိုးစုရပ်တွင် (၂၆၃) ဦးတို့ကို  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခိုင်ထွန်း မှ ကြီးကြပ်ဆောင်ရွက်မှုဖြင့်  ကိုဗစ်ရောဂါကာကွယ်ဆေး  Myanco

pharm ဆေးကို ထိုးနှံပေးလျက်ရှိရာ ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိသည်။


   ထိုသို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပြီးမှာသာလျှင်ဆေးကိုစနစ်တကျ ထိုးနှံပေးကြသည်၊ ဆေးထိုးပြီးနောက် မိနစ် ၃၀ ခန့်အနားယူစေပြီး ကျောင်းသား၊ကျောင်းသူ ကလေးများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment