Pages

Pages

ဟိုပန်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ကွင်းဆင်း ထိုးနှံ




MNP  -   ဇန်နဝါရီ ၂၄

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက အမက( ရုံးကုန်း) ကျောင်း၌ ဆက်လက် ကွင်းဆင်း ထိုးနှံပေးခဲ့သည်။


ကာကွယ်ဆေးမထိုးမီ သက်ဆိုင်ရာ ဆေးထိုးအဖွဲ့များက ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ ကာကွယ် ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးခဲ့ကြသည်။


ယနေ့တွင် အမက(ရုံးကုန်း၊ မန်မိုင်၊ လီရှောပန်ကောက်၊ စီးလုံ၊ မုန်းကွန်းရှမ်း)၊ အထက(ခွဲ) ပန်ကောက်၊ မူလွန်(မုန်းကွန်)နှင့် အလက(ကောင်းကော်) စသည့်ကျောင်းများတွင် ဆက်လက်ကွင်းဆင်းထိုးနှံပေးခဲ့ပြီး ကျောင်းသား (၃၁၆)ဦးနှင့် ကျောင်းသူ (၂၉၈)ဦး စုစုပေါင်း (၆၁၄)ဦး ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ  သိရသည်။


ဇင်ဇင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment