Pages

Pages

သာပေါင်းမြို့နယ် Cleen City,Green City, Smart City ဖြစ်လာစေရန် ဆောင်ရွက်ထားမှုကို လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကြည့်ရှုစစ်ဆေး




MNP  -  ဇန်နဝါရီလ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် Clean City,Green City,Smart City ဖြစ်လာစေရန်‌ ဆောင်ရွက်ထားရှိမှု အခြေအနေများအား လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့် ဦးဆောင်သော ပူးပေါင်းအဖွဲ့များမှ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရောက်ရှိလာခဲ့ကြပြီး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


သာပေါင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ရုံးခန်းမ၌ စစ်ဆေးအကဲဖြတ်မှုအား Power Point ဖြင့် ရှင်းလင်းပြသပြီးနောက် မြို့အဝင် လှိုက်လှဲစွာ ကြိုဆိုပါ၏ သာသနိကအဆောက်အဦများ၊ ပြည်သူ့ဆေးရုံ၊ ပြည်သူများအပန်းဖြေနေရာ ပန်းခြံ၊ ကားဂိတ်၊ သီရိရွှေသာဈေး၊ အခြေခံပညာအထက်တန်းကျောင်း၊ အမှိုက်စွန့်ပစ်ထားရှိမှု စနစ်များ စသည့် မြို့သန့်ရှင်း သာယာလှပရေးနှင့် သစ်ပင်ပန်းပင် စိမ်းလန်းစိုပြေရေး စိုက်ပျိုးဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်‌ဆေးခဲ့ကြရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများက Clean City, Green City, Smart City ဖြစ်လာစေရန် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment