Pages

Pages

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်(Community Center)ခန်းမ၌စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP  -   ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ရုံးဝန်ထမ်းများ လုပ်ငန်းအရည်အသွေးတိုးတက်စေရန်၊ စာကြည့်တိုက်လုပ်ငန်းများပိုမိုသိရှိနားလည်လာစေပြီးဝန်ဆောင်မှုလုပ်ငန်းများမြန်ဆန်လာစေရန် ရည်ရွယ်လျှက်စာကြည့်တိုက်လုပ်ငန်းစီမံခန်းခွဲရေးလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦး က ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများပိုမိုသိရှိနားလည်လာစေရန်အတွက်စာဖတ်ဝိုင်းများကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မျိုးတူစုပြုရာတွင် အထောက်အကူပြုသည့် အချက်အလက်များအား ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက်ရုပ်သံကျမ်းကျင်(၃)ဦးအောင်သိန်းဝေက  စာစုလုပ်ငန်းနှင့် စာပြုလုပ်ငန်းများ အားဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ လုပ်သား(ရုပ်သံ) ဒေါ်အေးအေးခင်က ကတ်တလောက်လုပ်ငန်းတွင် လုပ်ဆောင်ရမည့်အချက် အလက်များအား ဆွေးနွေးပြောကြားခဲ့ပြီး စာကြည့်တိုက်လုပ်ငန်းလက်စွဲစာအုပ်ပါအကြောင်းအရာများအားအပြန်အ လှန်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment