ဂွမြို့ Community. Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး (Talk Show) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့ Community. Centre ခန်းမတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍ အသိပညာပေး (Talk Show) ကျင်းပ


MNP  -  ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊  ဂွမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနနှင့်  လူမှုဝန်ထမ်း ဦးစီးဌာနတို့  ပူးပေါင်း၍  မသန်စွမ်းသူများနှင့်ပတ်သက်၍  အသိပညာပေး  (Talk Show)ကို  Community. Centre ခန်းမ. လူထုအခြေပြု  ဗဟိုဌာန၌  ယမန်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။


ရှေးဦးစွာ   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက သက်ငယ် မသန်စွမ်းကျောင်းနှင့် ပတ်သက်၍ သိရှိလိုသော အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ  မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ  ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်က သက်ငယ် မသန်စွမ်းကျောင်း၏ ရည်ရွယ်ချက်၊ သင်တန်းသား လက်ခံသည့် ကလေးအမျိုးအစား၊ ကျွေးမွေးစောင့်ရှောက်မှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများ၊ လေ့ကျင့်သင်ကြားပေးမှုများ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားဆောင်ရွက်ပေးမှုများနှင့် အားကစားနှင့် ပတ်သက်၍ ဆောင်ရွက်ပေးမှု အခြေအနေများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)