Pages

Pages

မိုင်းငေါ့မြို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်


MNP  -  ဇန်နဝါရီလ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားနှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရန်ရည်ရွယ်၍  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ရ ခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီးနောက် ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးသူငယ်များအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ကြိုတင်ကာကွယ်တားဆီးရမည့် အချက်များစသည့် အကြောင်းအရာများကို ဆွေးနွေးပေးခဲ့ပြီး စာ/ထောက်-၃-ဒေါ်မို့မို့က က‌လေးအလုပ်သမားပပျောက်ရေး အလေးထားဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူရုပ်ခေါက်၊‌‌ ဆေးရောင်ခြယ်သခြင်းပြိုင်ပွဲများပြုလုပ်ပေးသည့်အပြင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲ (Talk Show) စသည့်  အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြင့်သွယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment