Pages

Pages

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆောင်းရာသီအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ


MNP  -  ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း တို့ပူးပေါင်း၍ ဆောင်းရာသီအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပ​ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က အသိညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာမ မြကြေးမုံ(ရတနာဆောင်)က မြန်မာနိုင်ငံသည် ရာသီဥတုသုံမျိုးရှိပြီး ဟေမာန်ဥတုခေါ်ဆောင်းရာသီမှာ တန်ဆောင်းမုန်းလပြည့်ကျော် တစ်ရက်မှ တပေါင်းလပြည့်နေ့အထိဖြစ်ကြောင်း၊ ပွင့်လင်းရာသီဖြစ်သဖြင့် တစ်နေရာနှင့်တစ်နေရာ သွားလာရာတွင် အဆင်ပြေချောမွေ့၍ မျိုးဆက်သစ်ကလေးငယ်များအတွက် အားကစားပြိုင်ပွဲများ ကာယများကို ပြုလုပ်ပေးသောရာသီဖြစ်ကြောင်း၊ ဒီဇင်ဘာလူထုအားကစား လမ်းလျှောက်ခြင်းများကို ဌာနဆိုင်ရာ၊ အသင်းအဖွဲ့အစည်း၊ ပြည်သူများစုပေါင်း ဆောင်ရွက်ခြင်းဖြင့် အမျိုးသားရေးစိတ်ဓာတ်တွေကို ပိုမိုဖွံ့ဖြိုးတိုးတက်စေသော ရာသီဥတုဟုဆိုနိုင်ပါတယ်၊ ဆောင်းရာသီဆိုတာ ပူလောင်ခြင်းကင်းဝင်းသော ရာသီဥတုဖြစ်ပြီး ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေသည့် အချိန်အခါဖြစ်ကြောင်းနှင့် ဆောင်းအငွေ့အသက်များပါသော ကဗျာ၊ သီချင်းရသမျိုးစုံဖြင့် ဖွဲ့နွဲ့ကာဆောင်းရာသီအကြောင်း သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး Talk Showဆွေးနွေးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East DagonPage နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက် Page တို့တွင် အသေးစိတ်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဇွဲမင်းထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment