Pages

Pages

မိုးညိုမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အသိပညာပေး Talk Show ကျင်းပ


MNP  -   ဇန်နဝါရီ   ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူများအသိပညာမြင့်မားစေရေးအတွက် အသိဉာဏ်ပညာမြင့်မားခြင်းနှင့် နိုင်ငံဖွံ့ဖြိုးဖို့စာဖတ်ကြပါစို့အသိပညာပေး Talk Show ကို ယမန်နေ့မွန်း(၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းနှင့် ဒုတိယဦးစီးမှူးဒေါ်အေးအေးဟန်တို့က နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသူနိုင်ငံသားများ၏ အသိဉာဏ်ပညာမြင့်မားခြင်းမှသည် နိုင်ငံအတွင်းဖွံ့ဖြိုးတိုးတက်မှု၊ အေးချမ်းတည်ငြိမ်မှုနှင့်သာယာဝပြောမှုတို့ကို ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည်လူတစ်ဦးချင်းစီ၏ အသိဉာဏ်များကိုမြင့်မားစေနိုင်ပြီး ဗဟုသုတတိုးပွားကာအမှားအမှန်နှင့် အတွေးအခေါ်ကောင်းများရရှိနိုင်ခြင်း၊ စာဖတ်ခြင်းသည်အသိဉာဏ်မြင့်မားခြင်းအတွက် လိုအပ်သောအခြေခံအကျဆုံး စွမ်းရည်ဖြစ်ကြောင်း၊ အသိဉာဏ်ပညာမြင့်မားတိုးတက်‌စေရေးအတွက် လူတိုင်း၊ နိုင်ငံသူ နိုင်ငံသားတိုင်းစာဖတ်ကြရန်နှင့်စာဖတ်ခြင်းဖြင့် အသိဉာဏ်အလင်းတံခါးများဖွင့်လှစ်နိုင်ကြမည်ဖြစ်ပြီး အသိပညာအတတ်ပညာများဖွံ့ဖြိုးတိုးတက်မှသာ လူ့ဘောင်လောကဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များအနေဖြင့် နိုင်ငံနှင့်လူမျိုးဖွံဖြိုးတိုးတက်စေရေးအတွက် စာဖတ်သည့်အလေ့အကျင့်များ စွဲမြဲလာစေရန်စာများများဖတ်ကြဖို့လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးပေးခဲ့သည်။


ကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment