Pages

Pages

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် တပို့တွဲလထမနဲပွဲအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ


MNP   -  ဇန်နဝါရီလ  ၂၈

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာန ဝန်ထမ်းများက တပို့တွဲလထမနဲပွဲအကြောင်းအသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ မွန်းလွှဲပိုင်းအချိန်က လူထုအခြပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ  ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ     ‌ဒေါ်သီတာအောင် နှင့် ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်တို့က တပို့တွဲလဟာ မြန်မာ့ ၁၂လ ရာသီထဲ မှာ ၁၁လ (ဧကာဒသမ)မြောက်လဖြစ်ကြောင်း၊တပို့တွဲလ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များအကြောင်း ၊ တပို့တွဲလရဲ့ ရာသီတော်    ဟာ မီးပုံးပွဲနှင့်ထမနဲပွဲဖြစ်ပြီး ထမနဲပွဲကိုသာ လူအသိများကြကြောင်း၊မီးပုံးပွဲဆိုတာက တပို့တွဲလဟ ာအလွန်အေး  သည့်အတွက်ဘုရားရှင်နဲ့သံဃာတော်တွေ အနွေးဓာတ်ရစေဖို့ အတွက်ရွှေလက်တော် ကိုမီးကင်တာကို အစွဲပြုပြီး   နှောင်းလူတို့ကထင်းနှင့်မီးအိုးကင်းတွေကို ဘုရားရှင်အား လှူဒါန်းသော ပွဲဖြစ်ကြောင်း၊ ယနေ့ခေတ်မှာတော့လူသိ  များတဲ့ တပို့တွဲလရဲ့ပွဲတော်ဟာ ထမနဲပွဲဖြစ်ကြောင်း ၊ ထမနဲပွဲဟာ ဆယ့်နှစ်လရာသီပွဲတော်တွေအနက် မြန်မာ     လူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသသည့်ပွဲဖြစ်ကြောင်း နှင့်ထမနဲပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိကြရာထမနဲမှာ  ကောက်ညှင်းဆန်၊ဆီ၊အုန်းသီး၊ရေ၊ချင်း၊မြေပဲ၊နှမ်း၊ဆားတို့ အချိုးကျပါဝင်ပြီး တချို့က နှမ်းစေ့တွေများများထည့်  ထိုးကြသည့်အတွက် နှမ်းမနဲလို့လည်းခေါ်ကြခြင်း ဖြစ်ကြောင်း စသည်တို့ကို အကျယ်တဝင့်ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။


ရဲနိုင်ဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment