Pages

Pages

ကြို့ပင်ကောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စားသုံးသူကာကွယ်ပေးရေး အွန်လိုင်းအသိပညာပေး Talk Show ကျင်းပ


MNP  -   ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ပေးရေး အွန်လိုင်းအသိပညာပေး Talk Show ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ် ဝင်းလေးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်တို့က စားသုံးသူကာကွယ်ပေးရေး ဥပဒေများအကြောင်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ကုန်ပစ္စည်းများအကြောင်း ဒေသခံပြည်သူစားသုံးသူတို့၏ ရပိုင်ခွင့်အခွင့်အရေးတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


ယနေ့ Talk Show ဆွေးနွေးပွဲတွင် ယခုတစ်ပတ်အတွင်း တားမြစ်ထား‌သော အိမ်သုံးဆေးဝါးများနှင့် very good အမှတ်တံဆိပ်ပါ ကော်ဖီမစ်တို့အကြောင်းကို ဒေသခံပြည်သူများ သိရှိနိုင်ရေး အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဇေယျာထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment