Pages

Pages

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၌ Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်




MNP  -  ဇန်နဝါရီ    ၁၆

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်လျက်   ယနေ့ မွန်းလွဲ ၂ နာရီအချိန်က Youth Club အဖွဲ့ဝင်များနှင့်  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ - ၁၉၊ အမှတ်-၂၃ ပါ ချစ်နိုင်(စိတ်ပညာရေသားသည့် ဆက်ဆံမှုနှင့််‌ေအောင်မြင်ရေးဆောင်းပါး ခေါင်းစဉ်ုဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။


    ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ      ဒေါ်အောင်တင်ကြည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားသည်။  


 ဆက်လက်ပြီး   Youth Club  အဖွဲ့ဝင်များဖြစ်ကြသော မောင်ထိန်လင်းနှင့် မသန်းသန်းဌေး တို့မှဖတ်ကြားပေးကြသည်။


    ၎င်းဖတ်ကြားဆွေးနွေးမှုများအပေါ်တွင် Youth Club  အဖွဲ့ဝင်များက  သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဝိုင်းဝန်းဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ်တွင် အားနည်းချက်အားသာချက်များကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်အောင်တင်ကြည်တို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment