Pages

Pages

ရွှေတောင်မြို့နယ် Community Centre ခန်းမ၌ ပန်းကြယ်သီးထိုးနည်း သင်တန်းဖွင့်လှစ်



MNP    -    ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမျိုးသမီးအသင်း Women Clubနှင့်ပူးပေါင်း၍ ပန်းကြယ်သီးထိုးနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နန်းမြအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမျိုးသမီးများအနေဖြင့် အိမ်တွင်းမှုလုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။    


အဆိုပါ သင်တန်းတွင် သင်တန်းသူ(၁၅)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြဆရာမဒေါ်ယမင်းရွှေစင်က ပန်းကြယ်သီးထိုးရာတွင် လိုအပ်သည့်ပစ္စည်းများ၊ အတိုင်းအတာ၊ ပိတ်စရွေးချယ်မှု၊ ပုဇဉ်းခေါင်းသီးထိုးနည်း၊ ပန်းပွင့်ပုံထိုးနည်း၊ ပန်းခက်ပုံထိုးနည်းစသည့် ခေါင်းစဉ်များဖြင့် စာတွေ့၊ လက်တွေ့ဆွေးနွေးပို့ချကြောင်း သိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment