Pages

Pages

ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံ(ကလေးကစားကွင်း) တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ကို စာဖတ်ပရိသတ်များထံ ပုံမှန်ငှားရမ်းပေး




MNP  -  ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာဖတ်၊ စာငှားသူများအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယနေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ကို စာဖတ်ပရိသတ်များအား ပုံမှန်ငှားရမ်းပေးကြသည်။


အဆိုပါ Mobile Libraryစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကြောင့် စာပေဖတ်ရှုသူများအတွက် အချိန်ကုန် သက်သာခြင်း၊ မိမိဖတ်ရှုလိုသည့် စာအုပ်များကို အလွယ်တကူဖတ်ရှုနိုင်ခြင်း၊ စာပေချစ်မြတ်နိုးသူများအတွက် အဆင်ပြေလျက်ရှိကြသည်။ 


ထို့ပြင် စာပေဖတ်ရှုမှုမြှင့်မားလာစေရေးနှင့် စာအုပ်စာပေမှ ဗဟုသုတရရှိစေရန်အတွက် ပေါက်တောမြို့ အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ သုတ၊ ရသ စာအုပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment