Pages

Pages

ဂွမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းများ ဆောင်ရွက်




MNP  -   ဇန်နဝါရီ  ၁၂

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။


စာငှား၊စာဖတ်သူတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများ တိုးပွားစေရေးအတွက် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူများအတွက် သုတ/ ရသ စာအုပ်များကို Mobile Library စနစ်ဖြင့် အခမဲ့ငှားရမ်းပေးခြင်းဖြစ်ပြီး ထိုသို့ ငှားရမ်းပေးခြင်းကို တစ်ပတ် ပြည့်လျှင် စာအုပ်များ လဲလှယ််ပေးခြင်းဖြင့် ငှားရမ်းပေးလျက်ရှိသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment