Pages

Pages

မာန်အောင်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးMobile Libraryစနစ်ဖြင့်မြန်မာ့စာတိုက်လုပ်ငန်းဝန်ထမ်းများအားစာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး




MNP  -  ဇန်နဝါရီ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်၁၁နာရီက မြန်မာ့စာတိုက်လုပ်ငန်းဝန်ထမ်းများအား (အခမဲ့)ငှားရမ်း ပေးခဲ့သည်။


     ထိုသို့ စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ် ပရိတ်သတ်ပြည်သူများအား စာဖတ်မှုအဆင်ပြေစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထ

ကောင်းများ ရရှိစေရေး၊စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို တစ်ပတ်ငှားစနစ်ဖြင့် မြန်မာ့စာတိုက်လုပ်ငန်းဝန်ထမ်းများအား သွားရောက် ငှားရမ်းပေးခဲ့သည်။


  အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ဌာနဆိုင်ရာရုံးဝန်ထမ်းများအား တစ်ပတ်ပြည့်လျှင်စာအုပ်၊စာစောင်အသစ်များဖြင့်အပတ်စဥ် လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment