Pages

Pages

ဘူးသီးတောင်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေး



MNP  -  ဇန်နဝါရီ  ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နေလယ် (၂)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးရုံး ဝန်ထမ်းများအား (အခမဲ့)ငှားရမ်းပေးခဲ့ ကြောင်း သိရသည်။


ထိုသို့စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းပေးရာတွင် ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့်ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်ပြည်သူများအား အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကိုဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ရသစာအုပ်(၃၀) အုပ်ကို နှစ်ပတ်ငှားစနစ်ဖြင့် ငှားရမ်းပေးခဲ့သည်။


အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ(အခမဲ့)ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင် စာအုပ်၊စာစောင်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လှကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment