Pages

Pages

အသိပညာဗဟုသုတလေ့လာနိုင်ရန် mobile စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်း


MNP -  ဇန်နဝါရီလ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာပေဖတ်ရှုမှု မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတလေ့လာနိုင်စေရန်အတွက် နောင်တရားမြို့အတွင်း ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ mobile စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် စာအုပ်စာစောင် ငှားရမ်းသည်။


စာပေဖတ်ရှုမှုမြှင့်မားလာစေရေးနှင့် စာအုပ်စာပေမှ ဗဟုသုတရရှိစေရန်အတွက် နောင်တရားမြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်များနှင့် စာသင်ကျောင်းများသို့ သုတ၊ ရသ စာအုပ်စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ mobile စနစ်ဖြင့် ငှားရမ်းဆောင်ရွက်သည်။ mobile စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်းကို တစ်ပတ်တစ်ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခွန်အောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment