Pages

Pages

ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ



MNP ၊ ဇန်နဝါရီလ ၂

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ထမ္မကောက်ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲများက အများပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင်  PDF အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb ၁ လုံးအား ရမ်းသမ်း ပစ်ချဖောက်ခွဲခဲ့ရာ ထမ္မကောက်ကျေးရွာမှ ဆိပ်ဖြူမြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်မှ အပြစ်မဲ့ခရိးသည် ၁ ဦးဖြစ်သူ မအေးအေးခိုင်သည်  ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါကျေးရွာအနီးတစ်ဝိုက်တွင် PDF အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲများမှ သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်သမားများက ကြောက်ကြောက်လန့်လန့်ဖြင့် ရမ်းသမ်းပစ်ခတ်ရာ ထင်းခွေနေသော မအေမီမီခိုင် မှာ အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ကျည်ထိမှန်ဒဏ်ရာရရှိပြီး နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့သော အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေရပြီး ဖြစ်စဉ်အတွင်း ကျည်ထိမှန်သူနှင့် ဒဏ်ရာရရှိသူကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment