Pages

Pages

ကလေးမြို့၊ ပင်လုံရပ်ကွက်တွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်




MNP ၊ ဇန်နဝါရီလ ၁၁ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို ပင်လုံရပ်ကွက် ဆိပ်ကမ်းသာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံနေရာတွင်  ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အပြစ်မဲ့ပြည်သူ ၁ ဦးသည် ဆေးခန်းပြ၍ ပြန်လာစဉ် PDF အကြမ်းဖက်သမားများက ကောက်ကျစ်ယုတ်မာစွာဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

လုံခြုံရေးအဖွဲများမှ ဒေသခံများ၏ သတင်းပေးချက်အရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအပြစ်မဲ့ပြည်သူ ၁ ဦးသည် PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိုင်းစထိမှန် ဒဏ်ရာများစွာရရှိခဲ့ကြောင်း တွေ့ရှိ၍ လုံခြုံရေးအဖွဲများမှ ကလေးမြို့ပြည်သူ့ဆေးရုံသို့ ပိုဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှုများခံယူလျက်ရှိကြောင်း သိရသည်။


(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

https://t.me/MyanmarNationalPost

No comments:

Post a Comment