Pages

Pages

(၁၆)ရုံးမြောက် ချောင်းဦးမြို့နယ်၊ လဝကဦးစီးရုံးအား PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး



MNP ၊ ဇန်နဝါရီလ ၂၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြိုနယ် တမာမြိုင်ရပ်ကွက်တွင်ရှိသော မြိုနယ်လဝကဦးစီးရုံးအား  ယမန်နေ့ ည ၈ နာရီခန့်တွင် PDF ပဒက်များက လာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်စီးမှုကြောင့် လဝကရုံးရှိ အဆောက်အဦ ၂ လုံးနှင့် ၂ ခန်းတွဲ လူနေအိမ် ၁ လုံး မီးလောင်ပျက်စီး ဆုံးရှုးခဲ့ပြီး လူ/တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများသည် ပြည်သူများအား ထိတ်လန့်စေရန် မိုင်းခွဲခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်း၊ လိုက်လံသတ်ဖြတ်ခြင်း စသည့် ပြည်သူများ၏ နေ့စဉ်လူမှုဘဝများ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့စေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပြီး ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ သွေးထိုးလှုံ့ဆော်မှုဖြင့် ရွေးကောက်ပွဲကို နှောက်ယှက်ဖျက်ဆီးရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ လဝကရုံးများ၊ ရွေးကောက်ပွဲကော်မရှင်ရုံးများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ မီးရှို့၊ ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် လဝကဦးစီးဌာနရုံး (၁၆)ရုံး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (၉)ရုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။


#MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်နေသည်။ အကြမ်းဖက်အဖွဲ့များအား အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ထောက်ပံ့ပေးနေသည်။ PDF အကြမ်းဖက်သမားများ အလိုမရှိ။)


No comments:

Post a Comment