Pages

Pages

ပေါက်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိ




MNP ၊ ဇန်နဝါရီလ ၁၂

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် အောင်ချမ်းသာရပ်ကွက်အတွင်းတွင် အများပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးအဖွဲများသည် နေ့ညမပြတ် တာဝန်ထမ်းဆောင်လျက်ရှိရာ  ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ခင်တန်းရှည်- ပေါက် ကားလမ်းအတိုင်း လမ်းလျှောက်လာသော မသင်္ကာဖွယ်ရာ ၁ ဦးအားခေါ်ယူ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ပြည့်စုံ သည် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်လျက်ရှိပြီး လုံခြုံရေးအဖွဲများ၏ သွားလာမှုသတင်းများအား PDF အကြမ်းဖက်သမားများထံ သတင်းပေးပို့လျက်ရှိကြောင်းကို အထောက်အထားများနှင့်တကွ တွေ့ရှိရ၍ လုံခြုံရေးအဖွဲများက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ 


(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

https://t.me/MyanmarNationalPost

No comments:

Post a Comment