Pages

Pages

ထီးချိုင့်မြို့နယ်၊ ဆားတွင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား ၂လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


MNP ၊ ဇန်နဝါရီလ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြိုနယ် ဆားတွင်းကျေးရွာအနီးတွင် အများပြည်သူများအေးချမ်းစွာ နေထိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲများနှင့် PDF အကြမ်းဖက်သမားများ ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပဒက်များမှာ အထိနာကာ ဒဏ်ရာဗလပွဖြင့် ခွေးပြေးဝက်ပြေး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၂လောင်း၊  အမ်-၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ ကျည်ဆံ ၁၆၅ တောင့်၊ ၄၀ မမ ဗုံးသီး ၇ လုံး၊ အာပီဂျီ ဒုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ KIA တံဆိပ်ပါ ဝတ်စုံ ၃ စုံ တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment