Pages

Pages

ကလေးမြို၊ တာဟန်းရပ်ကွက်ရှိ တာဟန်းမီးပွိင့်အနီးတွင် PDF အကြမ်းဖက်သမားများက လက်လုပ်လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံး

 



MNP ၊ ဇန်နဝါရီလ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တာဟန်းရပ်ကွက်ရှိ တာဟန်းမီးပွိင့်တွင် အများပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက်  လုံခြုံရေးအဖွဲများက အင်တိုက်အားတိုက် နေ့ညမပြတ် နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိရာမှ အေးချမ်းမှုကို လိုလားမှုမရှိသော PDF အကြမ်းဖက်သမားများသည်  ယနေ့ မနက် ၁၀ နာရီခွဲခန့်တွင် လက်လုပ်လက်ပစ်ဗုံးဖြင့် လာရောက်ရမ်းသမ်း ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦးအား ဗုံးစထိမှန် ဒဏ်ရာများစွာခဲ့၍ နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

PDF အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်းစိုင်းမှုကြောင့် ဒဏ်ရာများစွာဖြင့်  သေဆုံးသွားခဲ့သော အပြစ်မဲ့ပြည်သူ ၁ ဦး အား လုံခြုံရေးအဖွဲ့များက ကလေးမြို့ပြည်သူ့ဆေးရုံသို့ လိုက်လံပိုဆောင်ပေးခဲ့ကြောင်း၊ လုံခြုံရေးအဖွဲများအနေဖြင့် PDF အကြမ်းဖက်သမားများအား လိုက်လံရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


(PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

https://t.me/MyanmarNationalPost

No comments:

Post a Comment