Pages

Pages

အရာတော်မြို့နယ်၊ ကျောက်ပျောက်ကျေးရွာတွင် စက်သုံးဆီရောင်းနေသော အပြစ်မဲ့ပြည်သူ သားအဖ ၂ ဦးအား PDF အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်

 



MNP ၊ ဇန်နဝါရီလ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် ကျောက်ပျောက်ကျေးရွာတွင် မိသားစုနှင့်အတူအေးချမ်းစွာနေထိုင်လျက် စက်သုံးဆီရောင်းကာ စားဝတ်နေရေးအတွက်  လုပ်ကိုင်ဆောင်ရွက်နေစဉ် PDF ပဒက်များသည် စက်သုံးဆီဝယ်ယူမည်ဟု လိမ်လည်ပြောဆိုကာ ဆီရောင်းနေသော ဦးကျော်မြင့်နှင့် ၎င်း၏ သားဖြစ်သူ မောင်သီဟသက်ဆွေတို့အား  ယမန်နေ့ ညနေ ၅ နာရီခွဲခန့်တွင် လက်လုပ်သေနတ်များဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ဦးကျော်မြင့်နှင့် ၎င်း၏ သားဖြစ်သူ မောင်သီဟသက်ဆွေတို့သည် PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် အချင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ PDF အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာလုပ်ကိုင်စားသောက်လျက်ရှိသော အပြစ်မဲ့ပြည်သူများအား ငါ့နဲ့မတူငါ့ရန်သူဟု သဘောထားကာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ ပြည်သူများက ရွံမုန်းလာကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment