Pages

Pages

ကောလင်းမြို့နယ်၊ ပြင်ဦးလွင်ရပ်ကွက်မှ အပြစ်မဲ့ပြည်သူ ၁ ဦးအား PDF အကြမ်းဖက်သမားများက ရက်ရက်စက်စက် သတ်ဖြတ်




MNP ၊ ဇန်နဝါရီလ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ပြင်ဦးလွင်ရပ်ကွက်တွင် နေထိုင်လျက်ရှိသော ဦးခင်မောင်စီုးအား PDF ပဒက်များက နတ်ကြီးခုံကျေးရွာဘက်သို့  ဇန်နဝါရီလ ၆ ရက် ညနေ ၅ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လည်ပင်းတွင်ကြိုးကွင်းစွပ်၍ ဦးခေါင်းအားရိုက်နှက်ခြင်းကြောင့် နေရာမှာပင်  သေဆုံးသွားခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သာမားများသည် သေဆုံးသူ ဦးခင်မောင်စိုးအား မြို့မမြို့ကုန်းရပ်ကွက်ရှိ စီမံကိန်းဦးစီးရုံးမြောင်းအတွင်း၌ လာရောက်စွန့်ပစ်သွားခဲ့ရာ ဒေသခံပြည်သူများမှ သေဆုံးသူ ဦးခင်မောင်စိုးအား လူမှုကူညီရေးယာဉ်ဖြင့် ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာရိုင်းစိုင်းစွာဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ပြည်သူများအား လိုက်လံသတ်ဖြတ်လျက်ရှိသောကြောင့် ပြည်သူများက ရွံမုန်းလာကြသည်။


(PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)

https://t.me/MyanmarNationalPost

No comments:

Post a Comment