Pages

Pages

မြောင်းမြမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Reading Challenge for Youth ဆုချီးမြှင့်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပ






MNP  -   ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊  ကုန်းသာကျေးရွာ၊ အ.ထ.က (ခွဲ) မြို့ဟောင်း ကျောင်းခန်းမ၌ လူငယ်များ​စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Reading Challenge For Youth ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။


အခမ်းအနားတွင်  မြို့နယ်ပညာရေးဌာနက လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသုအောင်က အမှာစကားပြောကြားပြီး မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ကျောင်းသား၊ကျောင်းသူ လူငယ်များအား စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် လူငယ်များအနေဖြင့် စာကြည့်တိုက်ကို အသုံးချတတ်ရန်၊ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတရရှိသော စာပေများ ဖတ်ရှုလေ့လာရန်၊ စာပေဖတ်ရှုခြင်း ဖြင့်အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများရရှိရန်၊ စာဖတ်စွမ်းရည် မြင့်တက်လာမှုနှင့်အတူ အရာရာကို စဉ်းစားဆုံးဖြတ် တွေးခေါ်နိုင်စွမ်းများ ရရှိလာမှာဖြစ်ကြောင်း၊ ကလေးများကို ငယ်စဥ်ကပင် စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပျိုး ထောင်ပေးသင့်ကြောင်းတို့ကို အသိပညာပေး  ဟောပြောခဲ့ပါသည်။


ထို့နောက် မြောင်းမြမြို့နယ် စာရေးဆရာအသင်းဝင် ဦးထက်ဝေကျော် (စာရေးဆရာ လရောင်လင်း)က  ကျောင်းသား ကျောင်းသူ လူငယ်များ၏ စာဖတ်နိုင်စွမ်းနှင့် စာအုပ်အပေါ်လေ့လာသုံးသပ်ချက်ရေးသားချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်များ စာအုပ်စာပေ တန်ဖိုးထား ထိန်းသိမ်းသင့်ပုံ၊ စာပေ၏ အကျိုးကျေးဇူးများကို  ဟောပြောခဲ့သည်။ 


ထို့နောက် အ.ထ.က(ခွဲ)မြို့ဟောင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုးက ကျေးဇူးတင်စကား ပြောကြားပါသည်။ ဆက်လက်ပြီး Reading Challenge for Youth အစီအစဥ်တွင် ဆုရရှိသည့်လူငယ်များကို တာဝန်ရှိသူများက  ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာကြီးဦးကျင်စိုး (စာရေးဆရာ မောင်လှိုင်း သစ်-ချစ်စရာ့မြေ)က ဖတ်သူရေးသူခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲ ဆက်လက် ဟောပြောခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment