Pages

Pages

ဒေါပုံမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် Sticker Campaign ဆောင်ရွက်



MNP -  ဇန်နဝါရီ  ၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ လမ်းညွှန်မှုဖြင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို Sticker Campaign ကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်သွားလာနေကြသည့် မော်တော်ကားများတွင် ကပ်ပေးခြင်းများကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။


 (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့် စာတမ်းပါ Sticker အခုရေ (၁၇၀၀) အား ဒေါပုံမြို့နယ်အတွင်းရှိ ယာဉ်အသွားအလာများပြားသည့် ယမုံနာလမ်းမကြီးတစ်လျှောက်နှင့် လမ်းသွယ်များအတွင်း သွားလာနေကြသည့် မော်တော်ကားများတွင် ကပ်ပေးခြင်းတို့ကို ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ. ဦးသက်မင်းအေးက ဦးဆောင်၍ အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များက ပူးပေါင်း၍ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။


ချစ်စုဝေ 

https://t.me/MyanmarNationalPost

No comments:

Post a Comment