Pages

Pages

စမ်းချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်တော်ယာဉ်များအား Sticker ကပ်ခြင်း ဆောင်ရွက်



MNP  -   ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ကျွန်းတော(မြောက်)ရပ်ကွက် ကျွန်းတောလမ်းနှင့်မကြီးကြီး လမ်းထောင့်တွင်   ယမန်နေ့နံနက်(၈)နာရီအချိန်က  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်တော်ယာဉ်များအား Sticker  ကပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါမော်တော်ယာဉ်များ Sticker ကပ်ရာသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့  မြို့နယ်ဌာနဆိုင်ရာများ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော စုစုပေါင်းအင်အား(၅၀)ဦးဖြင့်  ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် Sticker (၁၅၅၀)ခုအား  မော်တော်ယာဉ်များတွင် ကပ်ပေးခြင်း  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


နီလာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment