Pages

Pages

ကျိုက်ထိုမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်



MNP  -  ဇန်နဝါရီ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို


ရှင်းလင်းပြောကြားပြီး အမက (အောင်ချမ်းသာ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ထားအေးကလွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ၊ လွတ်လပ်ရေးရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ပုံများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။


ကျိုက်ထိုမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့အသိပညာပေး Talk Show  ဆွေးနွေးပွဲအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူ အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ပြည့်ဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment