ရန်ကင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ


MNP  -   ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို စာရေးဆရာ မောင်မောက်(ဝတ်လုံ)နှင့် ယနေ့ နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။


အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က လူငယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်စီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏အကြောင်းကို သိရှိနားလည်နိုင်စေရန်၊ မူးယစ်ဆေးဝါးကို မည်သို့ကာကွယ်တိုက်ဖျက်ရမည်ကို သိရှိစေရုံသာမက သတိပြုနားလည် နိုင်ရန်နှင့် မူးယစ်ဆေးဝါး၏ သားကောင်းဖြစ်နေသော လူငယ်များကို မည်ကဲ့သို့ လမ်းမှန်ပေါ် ပြန်လည်ခေါ်ဆောင်၍ရမည်ကို သဘောပေါက်နားလည်နိုင်စေရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ စာရေးဆရာ မောင်မောက်(ဝတ်လုံ)က လူသည်စူးစမ်းတတ်သော သတ္တဝါတစ်မျိုးဖြစ်ပြီး ထိုစူးစမ်းစိတ်ကြောင့်ပင် ယနေ့ကမ္ဘာကို ပုံဖော်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စူးစမ်းစိတ်သည် လူကိုကောင်းကျိုးပြုသလို ဆိုးကျိုးလည်းပြုနိုင်ကြောင်း၊ အထူးသဖြင့် အန္တရာယ်ရှိသော မူးယစ်ဆေးဝါးသည် စူးစမ်းမိသည့်လူကို ချုပ်နှောင်ဖမ်းစားရင်း မပြန်လမ်းသို့ ဆွဲခေါ်သွားနိုင်သော အရာဖြစ်ကြောင်းနှင့် အန္တရာယ်ရှိသော မူးယစ်ဆေးဝါးကို ရှောင်ရှားကြစေ လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


သို့ဖြစ်ရာ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူ့စာကြည့်တိုက် Page တွင်လည်း ထုတ်လွှင့်ပေးသွားမည်ဖြစ်ရာ ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း ဦးစီးအရာရှိ ဒေါ်အိရွှေစင်က အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


အိရွှေစင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)