Pages

Pages

ရွှေကျင်မြို့တွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်


MNP  -  ဇန်နဝါရီ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။


ဆွေးနွေးပွဲတွင် ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြဆရာမ ဒေါ်မျိုးစုလတ်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ဆေးလိပ်၊ ကွမ်းယာ၊ အရက် သောက်သုံးခြင်းများ၏ အန္တရာယ်များနှင့်ပတ်သက်သောဆိုးကျိုးများစသည့် အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး  ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment