Pages

Pages

သံတောင်ကြီးမြို့နယ် အမာယာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအား စစ်ဆေးဆောင်ရွက်


MNP  -    ဇန်နဝါရီ ၂၃

ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် အမာယာကျေးရွာတွင် ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အမာယာကျေးရွာတွင် ဆောက်လုပ်လျက်ရှိသည့် ဘက်စုံသုံးခန်းမကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် (၁၀၀) သိန်းနှင့် ပြည်သူလူထု၏ လုပ်အားဖြင့် အလျား ၃၀ပေ၊  အနံ ၂၄ ပေ၊ အမြင့် ၁၂ ပေဖြင့်‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာန၏ နည်းပညာပံ့ပိုးမှု ၊  အနီးကပ်ကြီးကြပ်မှုနှင့် အတူအောက်တိုဘာလ ပထမပတ်ကစပြီး  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ တတိယပတ်တွင် ဘက်စုံသုံး ခန်းမတည်ဆောက်နေမှု (၈၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံက သိရသည်။


နော်နော်မူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment