Pages

Pages

ပုဏ္ဏားကျွန်း(မြို့မ)ဈေးအတွင်း တရားမဝင် အိမ်သုံးဆေးဝါး အတုများနှင့် Very Good အမှတ်တံဆိပ် ကော်ဖီမစ်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး




MNP -  ဇန်နဝါရီ ၁၁

    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးအတွင်း  တရားမဝင်အိမ်သုံးဆေးဝါးအတုနှင့် "Coffee Shop”  Very Good အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေတတ်သည့် စားသောက် ကုန်ပစ္စည်းများအား ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၊ နေ့လယ်ပိုင်းက စားသုံးသူရေးရာဦးစီးဌာ နနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။


   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေးနှင့်စည်ပင်သာယာအဖွဲ့မှ တာဝန်ရှိသူတို့ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဆေးဝါးပစ္စည်းအရောင်းဆိုင်များနှင့်စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်တို့တွင် အန္တရာယ် ဖြစ်စေတတ်သည့် တရားမဝင် အိမ်သုံးဆေးဝါးအတု Paracetamol 500g သောက်ဆေး၊ ထိုးဆေးများနှင့် Coffee Shop (Very Good) အမှတ်တံဆိပ်ပါ ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ ဆိုင်ပိုင်ရှင်တို့အနေဖြင့် အန္တရာယ်ဖြစ်စေတတ်သည့် တရားမဝင်စားသောက်ကုန်များ ရောင်းချခြင်းမပြကြရန်နှင့် ကုန်အမှတ်တံဆိပ် အတု အစစ် ခွဲခြားစမ်းသပ်နည်းတို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment