Pages

Pages

ဒက္ခိဏသီရိမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


MNP  -   ဇန်နဝါရီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့် Working Group အဖွဲ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ချိုင်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ဒက္ခိဏသီရိမြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့များက ချိုင်းကျေးရွာအတွင်းရှိ အိမ်ထောင်စုများမှ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များမှန်ကန်စေရေး၊ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊ လူဦးရေဆိုင်ရာစာရင်းအချက်အလက်များနှင့် မသန်စွမ်း(၅)မျိုးစာရင်းအား တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။


ဒက္ခိဏသီရိမြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်းသိရသည်။


အောင်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment